အသက်ထွက်မဲ့ စိတ်
-------------------
ကိုယ်ဘဝရဲ့ နောက်ဆုံးအသက်ထွက်မဲ့အချိန်မှာ
ဘာအကြောင်းကိုတွေးပြီး သေမယ်ဆိုတာ
စဉ်းစားကြပြီးပြီလား
ဖေါင်းပိန်လေးလား
ဝင်လေထွက်လေလေးလား
မိမိနှစ်သက်တဲ့ ဘုရားပုံတော်ကိုအာရုံပြုမလား
ပြုလုပ်ခဲ့တဲ့ ဒါန သီလ စတဲ့ ကောင်းမှု့ကိုအာရုံပြုမလား
ဒီလိုမေးရင် လူတိုင်းဟာ ဘာကိုအာရုံပြုပြီး
သေမယ်ဆိုပြီး ဖြေကြမှာဖြစ်ပေမဲ့။
တကယ်ပဲ မိမိအာရုံပြုလို့
ရ မရ ကတော့ မသေချာပါဘူး။
ဘာဖြစ်လို့ လည်းဆိုတော့ သတ္တဝါတွေဟာ
ကောင်းကံ မကောင်းကံတွေ ပြုလုပ်ခဲ့ကြတဲ့အခါ
မကောင်းတာ ပြုလုပ်ခဲ့ကြတာများတဲ့အတွက်
သေခါနီးအသက်ထွက်မဲ့အချိန်ကို မကောင်းကံ တွေက တွန်းပို့ တာများပြီး မကောင်းတဲ့ဘုံကို
ရောက်ကြရတာများပါတယ် တဲ့။
ဒီသာသနာမှာ အလှူအတန်းဆုံး အာသောက မင်းကြီးဟာ သူ သေတော့ စပါးကြီးမြွေပြိတ္တာ ဖြစ်သွားခဲ့ဘူးတယ်။
အလှူအတမ်းဆုံးမလ္လိကာ မိဖုရားကြီးဟာ
သူ သေတော့ ငရဲကို ခုနှစ်ရက် ကျသွာခဲ့ဘူးတယ်။
ဒါဆိုရင် သေခါနီးအချိန်ကို သာမန် ကောင်းမှု့ကုသိုလ်လောက်နဲ့ 
မကျော်လွှားနိုင်ဘူးဆိုတာ သေချာတယ်။
ကဲ့  ။
မိတ်ဆွေတို့ ရော
သေခါနီးကို အကောင်းဆုံးကျော်ဖြတ်ဖို့ 
ဘာတွေ ပြင်ဆင်ထားပြီး ကြပြီလဲ???
မကောင်းတဲ့ အကုသိုလ်ကံတွေက အတင်းဝင်ရောက်လာတဲ့အခါ
သူတို့ ကို တွန်းလှန်ဖို့ 
ကောင်းမှု့တွေကို ဘယ်လောက်ထိ လုပ်ပြီး ပြင်ဆင်ထားကြပြီး ပြီလဲ ???
တကယ်သေဖို့ ကြုံလာမှ ဘုရားတရားအာရုံပြုမယ်ဆိုတဲ့
မသေချာတဲ့ အတွေးတွေ ရှိနေရင်တော့ စွန့် ပစ်လိုက်ပါ။
အဲဒီအချိန် ကောင်းမှု့ကုသိုလ်ကံတွေ
အာရုံယူလို့  လွယ်ကူဖို့ အတွက်
အခုကတည်းက
ကောင်းမှု့ကုသိုလ်များများ ပြုလုပ်ထားကြပါလို့ 
စေတနာနဲ့  တိုက်တွန်းပါရစေ။
အာရုံတချက်လွဲတာနဲ့ 
တသံသရာလုံး မှောတ်တတ်တယ်ဆိုတာ
သတိထားကြပါ။
ညဘက်အိပ်ခါနီးရင် အိပ်ပျော်မဲ့အချိန်အထိ
ကောင်းမှု့ကုသိုလ်အာရုံယူပြီး စမ်းကြည့်ပါ။
အတွေးတွေ သားမယားအကြောင်းတွေ
အလုပ်ကိစ္စတွေက များသလား
ကုသိုလ်အကြောင်းတွေက များသလားဆိုတာ
အဖြေပေါ်ပါလိမ့်မယ်။
credit//
ဦးမြင့်ခိုင် (စိတ်ပညာ)
5 July 2015
No comments:
Post a Comment