ပစ္စည်းခွဲဝေပေးစေလိုမှု
ပစ္စည်းခွဲဝေပေးစေလိုမှု မှာ ပစ္စည်းတစ်ရပ်ရပ်တွင်ရှိသည့် ပိုင်ရှင်အများ၏ “ ပူးတွဲပိုင်ဆိုင်မှု " နှင့် “ပူးတွဲလက်ရှိ " ဖြစ်မှုတို့မှ
တရားလို၏ အစုအတွက် သီးခြားပိုင်ဆိုင်မှု နှင့် သီးခြားလက်ရှိရရန် စွဲဆိုခြင်းဖြစ်သည်။
ခွဲဝေခြင်းဟူသည်
့"ရှယ်ယာဝင်အချင်းချင်း " အမွေစားအမွေခံအချင်းချင်း ထံမှ အလားတူ အခွင့်အရေးအတွက်
့“ ပူးတွဲအခွင့်အရေး" ၏ တစ်စိတ်တစ်ဒေသကို စွန့်လွှတ်ခြင်းဖြစ်သည်။
အမွေစား အမွေခံများ၌ ခွဲဝေလိုသောပစ္စည်း
့(၁) အကျိုးခံစားမှုသို့မဟုတ် အခွင့်အရေး အညီအမျှ ရရှိခြင်း
့(၂) အညီအမျှလက်ရှိဖြစ်ခြင်းတို့သာလျှင်
့“ ပစ္စည်းခွဲဝေမှု” စွဲဆိုနိုင်ပေသည်။
မောင်ဘတူ နှင့်မသက်စု၊ ၅ ရန်ကုန် ၇၈၅
ဦးဘန်စွမ်း နှင့် ဒေါ်သီ ၁၉၆၇၊ မတစ ၅၂၅(၅၂၉)
ပစ္စည်းခွဲဝေခြင်းဆိုသည်မှာ ထိုပစ္စည်းဆိုင်ရာ အတူအကျိုခံစားပိုင်သည့် အခွင့်အရေးအနက်
အချို့ကို မိမိနည်းတူ အကျိုးခံစားပိုင်ခွင့်ရှိသူအား စွန့်၍
ထိုသူကလည်း ဖလှယ်သည့်အနေဖြင့် အပြန်အလှန် စွန့်ခြင်းဖြစ်သည်။
ဒေါ်ရွှေအုံ နှင့် ဒေါ်ခ ၁၉၆၂ မတစ ရုံးချုပ် ၄၀၁
ပစ္စည်းခွဲပေးစေလိုမှုတွင် ပေါ်ပေါက်သော တရားစွဲဆိုရန် အချင်းဖြစ် အကြောင်းခြင်းရာသည်
ထပ်တလဲလဲ ပေါ်ပေါက်သည်ဖြစ်၍ ပစ္စည်း ခွဲမပေးသရွေ့ကာလပတ်လုံး တရားစွဲဆိုရန် နေ့စဉ်နှင့်အမျှ ပေါ်ပေါက်နေမည်သာဖြစ်သည်။
မရှမ်း နှင့် ဦးသန်းမြင့် ၊၁၉၉၀ မ တ စ. ၈၈
ပစ္စည်းခွဲဝေပေးစေလိုမှုတွင် ပစ္စည်းလက်မဲ့ဖြစ်သောတရားလိုသည် ရုံးခွန်အက်ဥပဒေပုဒ်မ ၄(ခ) အရ မိမိရလိုသော ဝေစု၏ တန်ဖိုးအလိုက်ရုံးခွန်ထမ်းဆောင်ရမည်ဖြစ်သည်။
အကယ်၍ ခွဲဝေရမည့်ပစ္စည်းသည် တရားလိုနှင့်တရားပြိုင် ပူးတွဲလက်ရှိပစ္စည်းဖြစ်လျှင်မူ တရားလိုသည် ရုံးခွန်အက်ဥပဒေဇယား ၂။ အမှတ်စဉ် ၁၇(၆) အရ ရုံးခွန် ၂၀ိ/( ယခု ၁၀၀၀ိ) သာထမ်းဆောင်ရမည်။
credit//
ခင်နုသာ
Thank You very much
ReplyDelete