စရန်ငွေ နှင့် ရောင်းငွေ တစိတ်တဒေသ
တူညီပါသလော
---------------
့"မိမိ အမှုသည် ( ၀ယ်သူ) အကျိုး မည်သို့ ကာကွယ် ပေးမည်နည်း"
အရောင်းအဝယ်ပြုလုပ်ကြရာတွင်
ငွေအပြေအကြေမပေးချေမီ ပစ္စည်းလက်ရောက်မရယူမီ
စရန်ပေးကတိ စာချုပ်ချုပ်ဆိုလေ့ရှိကြသည်။
ယင်းသို့ ချုပ်ဆိုရာတွင် အများဖြင့်
ဝယ်သူဘက်မှ ရှေ့ နေရှေ့ ရပ်အဖြင့်
ပါဝင်ချုပ်ဆိုကြရသည်ကများသည်။
ထို့ ကြောင့်ဝယ်သူ ပေးသောငွေသည်
စရန်ငွေလား၊ ရောင်းငွေတစိတ်တဒေသလား
ဆိုသည်ကို လည်းလေ့လာထားသင့်သည်။
ယင်းသို့ ချုပ်ဆိုပြီးနောက်
ရောင်းသူဘက်မှသော်လည်းကောင်း၊
ဝယ်သူဘက်မှ သော်လည်းကောင်း
ပျက်ကွက်မှုများဖြစ်ပေါ်လာသောအခါ အဆိုပါစရန်ပေးကတိစာချုပ်အပေါ်
အားကိုးအားထားပြု၍
ရုံးပြင်ကန္နားရောက် ကြသည်လည်းရှိကြသည်။
စရန်ပေးကတိစာချုပ်၏ သဘောသဘာဝ အရ
စရန်ငွေအဆုံး၊ စရန်ငွေ၏ နှစ်ဆ ပေးလျော်ခြင်း၊ စသည့် ပြသနားများလည်း ဖြစ်ပေါ်လေ့ရှိသည်။
ရှေ့နေရှေ့ရပ် တစ်ဦးအနေဖြင့် စရန်ပေးကတိစာချုပ်ချုပ်ဆိုသည့်အခါ ပဋိညာဉ်ဥပဒေပြဌာန်းချက်နှင့်တကွ
အောက်ဖော်ပြပါစီရင်ထုံးများကိုလည်း
လေ့လာထားရှိရပေမည်။
ဘာဘူ ကနီရာလား (လ်) ဒနူကာ နှင့်
မက်ဆား (စ်) ရွှေပြည်စိုး ဖလင်ကုမ္ပဏီ
၁၉၆၄ ဘီအယ်လ်အာ ၁၉၅
စီတီဝမ်းနှင့် ဦးတွင်ပါ (၂) ၁၉၆၈ မတစ၁၂၁
အဆိုပါစီရင်ထုံးများအရ
စရန်ငွေနှင့် ရောင်းငွေတစိတ်တဒေသ တူညီပါသလော။
ဘာဘူ ကနီရာလား (လ်) ဒနူကာ နှင့် မက်ဆား (စ်) ရွှေပြည်စိုး ဖလင်ကုမ္ပဏီ
၁၉၆၄ ဘီအယ်လ်အာ ၁၉၅ တွင်
့"အရောင်းအဝယ်ပျက်သဖြင့် ပေးသွင်းထားသောငွေကို
ပြန်လည်ပေးအပ်ရေးနှင့်စပ်လျဉ်း၍ ပဋိညာဉ် အက်ဥပဒေတွင်
ပြဌာန်းချက်များ မတွေ့ရပေ။
ဤပြသနာကိုဆုံးဖြတ်ရာတွင် ပေးသွင်းငွေသည်
ရောင်းငွေအတွက် တစိတ်တဒေသအားဖြင့် ပေးသွင်းခဲ့လျှင်
ရောင်းသူကသော်လည်းကောင်း၊
ဝယ်သူသော် လည်းကောင်း ပဋိညာဉ်အတိုင်းဆောင်ရွက်ရန်ပျက်ကွက်က ထိုငွေကိုပြန်လည်ပေးအပ်ရပေမည်။
အကယ်၍ ဝယ်သူ၏ပျက်ကွက်မှုကြောင့် အရောင်းအဝယ်အထမမြောက်လျှင် ရောင်းသူက လျော်ကြေးရ ရန် တရားစွဲဆိုနိုင်ပေမည်။
သို့သော် ထိုပေးသွင်းငွေမှာ အာမခံသဘောဖြင့် ပေးသွင်းလျှင်
ဝယ်ယူသူ ပျက်ကွက်က ၄င်းသည်ထိုငွေကို ပြန်လည်ရရှိနိုင်မည်မဟုတ်ပေ။
ယခုအမှုတွင် ပေးသွင်းသောငွေမှာ သာမန်အားဖြင့် ရောင်းငွေအတွက် တစိတ်တဒေသအားဖြင့် ပေးသွင်းထားသည့်ငွေဟု မဆိုနိုင်ပေ။ အာမခံငွေအဖြစ် ပေးသွင်းသည်ဟု မူလရုံးကတွေ့ရှိသည်မှာ မှားယွင်းသည်ဟု မဆိုနိုင်" ဟုလည်းကောင်း
ရောင်းသူဘက်က ပျက်ကွက်မှု မဟုတ်သောအခြေအနေတွင်
စီတီဝမ်းနှင့် ဦးတွင်ပါ (၂) ၁၉၆၈ မတစ၁၂၁တွင်
့"အရောင်းအ၀ယ်ကို ၀ယ်သူက တစ်ဖက်သတ်ပယ်ဖျက်ခြင်း
မပြုနိုင်ကြောင်း၊
သို့ ဖြစ်၍ စရန်ငွေကို ပြန်မတောင်းနိုင်ကြောင်း
အကယ်၍ ရောင်းငွေတစိတ်တဒေသအားဖြင့်
ပေးသွင်းခဲ့ခြင်းဖြစ်လျှင်
ဝယ်သူသည် ၄င်းအနေဖြင့် ပျက်ကွက်မှု ရှိသော်လည်း
ထိုငွေကို ပြန်လည်ရရှိနိုင်ကြောင်း
ရောင်းသူ၏ အခွင့်အရေးမှာ၎င်းအပေါ်
လျော်ကြေးရ လို ကြောင်းတရားစွဲဆိုရန်သာဖြစ်ကြောင်း
ဆုံးဖြတ်သည်"ဟု လည်းကောင်း
ထုံးသာဓကပြု ထားပါသည်။
ဒေါ်နီ(ခ) ဒေါ်မိမိလေးနှင့် ဒေါ်အေး
၂၀၀၁ခုနှစ် မတစ၂၅၉ တွင်
့"စရန်ပေးစာချုပ်တွင်
ရောင်းသူ ကပျက်ကွက်ပါက
စရန်ငွေ၏ ၂ ဆ ပေးလျော်မည်ဟု နှစ်ဦးနှစ်ဖက်သဘောတူညီ ထားကြသဖြင့်
စရန်ငွေ၏ ၂ ဆကိုဝယ်သူက ရ ခွင့်ရှိကြောင်း"
ထုံးသာဓက ပြု့ ထားပါသေးသည်။
အထူးလေ့လာသင့်သည်မှာ
ဝယ်သူသည် ၄င်းအနေဖြင့်
ပျက်ကွက်မှု ရှိသော်လည်း
ထိုငွေကို ပြန်လည်ရရှိနိုင်သည်ဆိုသောအချက်ဖြင့်
မိမိ အမှုသည် ( ၀ယ်သူ) အကျိုး မည်သို့ ကာကွယ်သမှု
ပြု ပေးနိုင်မည်နည်း။
အဆိုပါ စီရင်ထုံးများအား
ဆရာTun Myo Htay၏
CD ခွေတွင် အလွယ်တကူ ရှာဖွေလေ့လာနိုင်ပါသည်။
ဆရာ လူ ဦး မင်း (ဥပဒေစကားဝိုင်း)
16 July 2015
ထ/ဆ ဆွေးနွေးကြသူများ
Kyawzayar Htun
မတူပါဘူးခင်ဗျာ
စရံက သဘောတူစာချုပ်ချုပ်ပြီးရင်
ဝယ်သူကမချေရင် ဆုံး
ရောင်းသူကမရောင်းရင်
စရံငွေရဲ့ (၂)ဆ စာချုပ်ပါအတိုင်းပေါ့။
တစိတ်တဒေသဆိုရင်တော့ တမျိုးပေါ့။
Sulay Nwe
ရောင်းပြီးသားကို ရောင်းသူက ဖယ်မပေးတာကရော
Pan War
ဝယ်ယူသူက ငွေအပြီးချေတည်းက မိမိ ဝယ်ယူသည့် ပစ္စည်းကို လက်ရောက်လွှဲပြောင်း ရယူရမည် ။
ထိုသို့ လက်ရောက် လွှဲပြောင်း ရယူခြင်း မရှိခဲ့ပါက မည်သည့်အတွက်ကြောင့် လက်မဲ့ or လက်ဝယ် မရှိကြောင်း အခိုင်အမာ သက်သေထူ ပြနိုင်ရမည်။
Linn Khaing
ဒါကြောရင့် `ရန်ကနား´အမျိုးတွေပါလာမယ်ထင်ပ ဟိဟိ
တိတလောက်တော့ ပြောကြည့်မယ် ဘဘလူ
၁။ ဝယ်သူက ပျက်ကွက်ရင် စရန်ငွေအဆုံး ဘာမှလာကြောနဲ့ စာချုပ်ပါအတိုင်း တစ်စိတ်တစ်ဒေသ ပေးသွင်းတာပါလည်း ကျန်ပေးဘူ့း (ရောင်းသူဘက်က ပျက်ကွက်မှုမဟုတ်ရင်ပေါ့ဂျာ)
၂။ ရောင်းသူအနေနဲ့ပျက်ကွက်ရင် စရန်ငွေရဲ့နှစ်ဆ လာထားပေါ့ အဆင်ပြေရင် တရားစွဲတဲ့နေ့ကစပီး အကြေချေတဲ့နေ့အထိ အတိုးတောင်ရုံးကပေးသေး (ဦးထင်ဇော် အတွဲ ၆)
ဘဘလူပြောချင်တာက ဝယ်သူကပျက်ကွက်လည်း ပြန်တောင်းလို့ရမယ်ဆို နည်းနည်းများ များနေမလားလို့ အာ့ဆို အခြေအနေပေါ်ကြည့်ပြီး ပြည့်ပြည့်စုံစုံထည့်ချုပ်မယ်ဂျာ အာ့မှ ဝယ်သူပျက်ကွက်တာ ဒါကြောင့် ဒါကြောင့်ပေါပြီး ပြန်တောင်းမယ် ခိခိ
တိတလောက်ပါ အမှားပါရင်ညွှန်ပြ သင်ကြားပေးပါ ဆရာ ဆရာမများခင်ဗျာ
Min Lwinlawyer
ဒါကြောင့် သတင်းစာမှာ ရှေ့နေကြီးတွေက ရောင်းကြေးငွေ တစ်စိတ်တစ်ဒေသလို့ ထည့်ကြတာကိုး စရန်ငွေဆိုတာ အာမခံသဘောမျိုးသက်ရောက်ရင် ပြန်မရနိုင်ဘူးပေါ့ ဆရာလူဦးမင်း
Linn Khaing
တစ်ခုလေးအတွန့်တက်ပါအုံးမယ် ဘဘလူ
တစ်စိတ်တစ်ဒေသ ပေးချေပါတယ်လို့ဆိုခဲ့ရင်တောင် ဝယ်သူရဲ့ပျက်ကွက်မှုဆို ပြန်တောင်းလို့ရနိုင်ပါ့မလား တားအမြင်တော့ မရနိုင်ဘူးလို့ပဲ မြင်ပါကြောင်းးးးးးး
No comments:
Post a Comment