Tuesday, July 28, 2015

Liberal Democracy

Liberal Democracy ကို ယုံကြည်ပါတယ်။
ဒါပေမဲ့ ......  
လူ့အခွင့်အရေး  ဆိုတဲ့ ခေါင်းစဉ်တပ်ထားတဲ့ Cultural Imperialism. ကိုတော့လက်မခံပါ။

နိုင်ငံသားတစ်ယောက်ဖြစ်တဲ့အတွက် နိုင်ငံကိုချစ်ပါတယ်။
ဗုဒ္ဘဘာသာဝင်တစ်ယောက်အနေနဲ့ သာသာကိုလည်း အဓွန့်ရှည်ချင်ပါတယ်။
ဒါပေမဲ့ .....
မဘသ ကိုတော့ မထောက်ခံပါ။

လွတ်လပ်စွာထုတ်ဖေါ်ခွင့် Freedom of speech ကိုလေးစားပါတယ်။
ကျောင်းသားများ နိုင်ငံရေးမှာ ပါဝင်ဆောင်ရွက်တာကိုလည်း
ကြိုဆိုပါတယ်။
ဒါပေမဲ့ ....
တစ်ကယ်ကျေင်းမတက်နေသူများက ကျောင်းသားအမည်ဖြင့် နိုင်ငံရေးလုသည်ကိုတော့ မရိုးသားမှုအဖြစ်မြင်ပါသည်။

ခိုင်မာတောင့်တင်းတဲ့တပ်မတော်တစ်ရပ်ဟာ နိုင်ငံတော်အတွက် မရှိမဖြစ် ဆိုတာကို လက်ခံပါတယ်။
ဒါပေမဲ့ ....
လွှတ်တော်ထဲမှာ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုံးရှိနေတာကိုတော့ မလိုလားပါ။

၂၀၁၅ မှာ NLD ကိုမဲထည့်ပါမယ်
ဒါပေမဲ့ .......
NLD ပါတီဝင် တစ်ချို့ရဲ့ အမူအကျင့်၊ အတွေးအခေါ်၊ အသိပညာ၊
စိတ်ဓာတ် တွေကို မနှစ်သက်ပါ။

credit//
့(နတ်ဆြာ)
22 July 2015 at 21:22

No comments:

Post a Comment