Tuesday, July 28, 2015

ယမမင်းနဲ့ငရဲသား အင်တာဗျူး

ယမမင်း နဲ့  ငရဲသား အင်တာဗျူး
-------------------------------------

မောင်မင်း လူ့ ပြည်ကို စရောက်တော့
ဘာတွေများ ပါလာသေးလဲ

ကိုယ်တုံးလုံး လာတာပါ ဘာမှမပါ ပါဘူး

လူ့ ပြည်မှာ ဘာတွေရှာလို့  ဘာတွေ ရခဲ့တုန်း

တိုက်က -- လုံး
ကားက - -စီး
ကုမ္ပဏီ -- ခု
ရှာနိုင်ခဲ့ပါတယ်

ဘာကုသိုလ်တွေ လုပ်ခဲ့သေးတုန်း

သားမယားအတွက် သိမ်းကြုံးလုပ်နေရတာနဲ့ 
ကုသိုလ်ဖြစ်ဖြစ်မြောက်မြောက် မလုပ်ခဲ့ပါဘူး
အသက်ကြီးရင်အေးအေးဆေးဆေး တရားလုပ်
မယ်လို့  ဆုံးဖြတ်ထားပါတယ် ဒါပေမဲ့ အခု ရုတ်
တရက် သေဆုံးခဲ့ရလို့  တရားလုပ်ခွင့်မရှိတော့ပါဘူး

မင်းရှာခဲ့တဲ့ စည်းဇိမ်တွေနဲ့  သားသမီးတွေက
အခု မင်းကို ကယ်နိုင်သေးလား

မကယ်နိုင်တော့ပါဘူး

လူ့ ပြည်လာတော့လည်း ကိုယ်တုံးလုံး
လူ့ ပြည်က ပြန်ထွက်တော့ကော ဘာတွေများ
ပါအောင် ယူနိုင်သေးလဲ

ဘာမှမယူနိုင်ပါဘူး ပြန်တော့လည်း
ကိုယ်တုံးလုံးပါပဲ

မိစ္ဆာဒိဋ္ဌိတွေက နောက်ဘဝတွေ သံသရာတွေ
မယုံလို့  ကြိုတင်မပြင်ဆင်နိုင်ပဲ သေသွားပြီး
နစ်နာသွားကြတယ်
မင်းက ဗုဒ္ဓဘာသာဖြစ်ပြီး ကြိုတင်ပြင်ဆင်သင့်တာကို မပြင်ဆင်ပဲ
ပေါ့ပေါ့လေးနေခဲ့တယ် ဒါ့ကြောင့် မင်းက
ပိုပြီးမိုက်တယ် မင်းလို ဗုဒ္ဓဘာသာ လူမိုက်ကြီး
တွေ အများကြီးရှိသေးတယ် ငါ့ဆီ ရောက်လာ
လိမ့်ဦးမယ်

ငါ့ဆီရောက်လာရင်တော့ မင်းတို့ လူ့ ဘုံလို
ငွေကြေးနဲ့ လာဘ်ထိုးလို့ မရဘူး
ကုသိုလ်နဲ့ လာဘ်ထိုးထားရတာ
ဒါမှ ငါက ကယ်လို့ ရတာ
အခု မင်းမှာ ဘာကုသိုလ်မှ မရှိဘူး
ဒါ့ကြောင့်

သွားတော့ ငရဲ ကို

credit//
ဦးမြင့်ခိုင် စိတ်ပညာ

7 May 2015

No comments:

Post a Comment