ရှေ နေ အတော် များများ၏ အဆို အချေ များ အပေါ်
ကျနော် ဆရာက ဒီ လို ပြော ဘူး ပါတယ်။
ဆို လွှာ၊ ချေ လွှာ တွေမှာ ရေးတာတွေက
အများကြီး ဖောင်း ကြွနေပါတယ်။
အမိန့်  ၆ နည်းဥပဒေ ၂ ကို လိုက်နာပြီး ရေးပါ။
ဆို လွှာ မှာ ရေးရန် ကိစ္စ မှန်သမျှ အမိန့် ၇ နည်းပဒေ ၁ မှာ
ပြဌာန်းတဲ့ အတိုင်း ရေးပါ။
ဆိုလွှာ မှာ ဖော် ပြရမယ့် တရား လို တရား ပြို င် တို့ ၏ လိပ့်စာမှာ
နေ ထိုင်သည့် နေရပ် လိပ်စာ ကို ရည်ညွှန်းသည်။
တရားပြိုင် နေ ထိုင်ရာ အရပ်ဒေသရှိ တရားရုံးတွင်
စွဲ ဆို ရမည်ဟု ပြဌာန်း ထား၍ နေ ထိုင်ရာ လိပ့်စာကို
ထည့် သွင်းရမည်ဖြစ်သည်။
အမိန့် ၅ နည်းဥပဒေ ၂၀ (က) အရ လိပ်စာ ဖော်ပြရခြင်းမှာ
ဆင့် ခေါ်ရမည့် လိပ့်စာကို ဖော် ပြရခြင်းသာဖြစ်သည်။
အမိန့် ၅ နည်းဥပဒေ ၂၀ (က) က အိန္ဒိယ မှာတောင် မရှိ့။
မြန်မာ ပြည်မှာပဲ ပြဌာန်း ထားတာဖြစ်ပါတယ်။
ဆို လွှာ ရေးတဲ့ နေရာမှာ ကိုယ် တောင်း ဆိုတဲ့ သက်သာ ခွင့် နဲ့ 
ပက်သက် ပြီး အမှု ဖြစ် ကြောင်း ခြင်းရာ ပေါ် အောင် ရေးပါ။
Burma Code အတွဲ ၁၂ စာမျက်နှာ ၂၃၃ မှ ၂၅၉ ထိ
အမှု ပေါင်း မြောက်များ စွာနဲ့  ပတ်သက်သော ဆို လွှာ များကို
ရေး ပြထားပါတယ်။
ဘယ် ဆို လွှာမှ စာပိုဒ် ရေ ၇ ပိုဒ် ၈ ပိုဒ် ထက် ပိုတာ မရှိ ပါဘူး။
စာမျက်နှာ ၂၆၁ မှ ၂၆၅ ထိ ချေလွှာကို ဘယ်လို ရေးရမယ်ဆိုတာ
ဖော်ပြ ထားပါတယ်။
ကိုယ့် အမှု နဲ့  ဆိုင်တဲ့ အဆို အချေ ရေး နည်း ပုံစံ တွေကို
လေ့ လာကြည့် ကြပါ။
အဆို လွှာ မှာ material fact
့( အရေးပါသော အကြောင်း အရာ)ကိုပဲ ရေးပါ။
အရေးပါသော အကြောင်း အရာ ဆိုတာ အမှု အနိုင်အရှုံး ကို
ဆုံးဖြတ်မဲ့ အရာကို ဆို လိုတာပါ။
credit//
ဆရာ လူဦးမင်း(ဥပဒေ စကားဝိုင်း)
19 December 2014 at 23:26
ထ/ဆ ဆွေးနွေး ကြသူများ ))
လူ ဦး မင်း
ဟုတ်ကဲ့ပါ
ပိုစ်မှာပါတဲ့ကျနော့်ဆရာဆိုတာ
ဆရာဦးလှကိုရဲ့ ဆရာပါပဲခင်ဗျာ
U Aung Myint Oo
ဒီကြားထဲအထူးချေပလိုသည်မှာဆိုပြီး ရေးတဲ့သူတွေတောင်တွေ့နေရပါတယ်။
ချေလွာရေးနည်းတောင်မသိတဲ့သူ တွေ တော်တော်များနေတယ်။
Ko Oo
ကျစ်ကျစ်လစ်လစ်ရေးရန်ဖြစ်ပါတယ်။
အဓီကအချက်တွေပါဘို့လိုပါတယ်။
ဥပမာ တရားပြိုင် ၅ ယောက်ရှိတယ်။
ယူငွေ သိန်း ၁၅၀ ကို ၁ ပြိုင်ယူတယ်။
၂/၃ ကအတူပါတယ်။
ပြန်ပေးဘို့အာမခံတယ်။
ဒါပေမဲ့ ၄/၅ က မိတ်ဆက်ပေးတာလွန်ခဲ့တဲ့ ၄ လ က ဆိုရင်တော့
၎/၅ ကအဆိုလွှာအရ အားနည်းမှာပေါ့။
အားနည်းမှု့သည်ငွေပးရခြင်းအကြောင်း
ရဲ့အခြေခံမပါလို့ပါ။
ဒါမျိုးကိုတော့ရှောင်ရမယ်ထင်ပါတယ်။
ဦးဂဖူး က
အဆိုလွှာမှာ အဓီကအချက်မပါတာကို ပြောတာဆက်စပ်ရင် သက်သေပြခွင့်ပေးပါတယ်။
Phyothiha Kyaw
အထူးချေပချက် မရေးရဘူးလို့ ဘယ်ဥပဒေက ကန့်သတ်ထားပါသလဲခင်ဗျား
U Aung Myint Oo
အဆိုအချေရေးနည်းသေသေချာချာ ဖတ်ပါခင်ဗျား
Mg Mg
တရားမမှုဆိုတာအဆိုအခြေ ပေါ် သက်သေပြရတာ တောင်းဆိုတဲ့သက်သာခွင့်က ဘာလဲ ဘယ်ဥပဒေနဲ့အကျုံးဝင် မလဲ စဉ်းစားပြီးရေးရတာ
အဆိုအခြေမှာမပါဘဲ ထွက်ဆိုတာ ဘယ်လိုလက်ခံလို့ရမလဲ။
Kyaw Kyaw Htike
ဘယ်လိုရေးရေး ဘယ်သူကဖတ်ပြီး ဘယ်လိုဆုံးဖြတ်မှာလဲက ပိုအရေးကြီးပါသလား။
Mg Mg
ဖတ်သူဆုံးဖြတ်သူအရေးမကြီးပါ ကိုယ်ဘယ်ဥပဒေနဲ့ စွဲမှာလဲ ဘယ်လိုသက်သာခွင့်တောင်းမလဲဘဲ အရေးကြီးပါတယ်။
Kyaw Kyaw Htike
ရေးသူကဆုံးဖြတ်တာလား၊ဖတ်သူက ဆုံးဖြတ်တာလား၊ရေးထားတာကိုမဖတ်ဘဲဆုံးဖြတ်ကြသလား၊လက်တွေ့ ကိုမေးနေတာပါ။
Mg Mg
လက်တွေ့ကတော့ တရာလိုနဲ့သူ့ရှေ့နေက အဆိုပြုမယ် သက်သေတင်ပြမယ် တရားပြိုင်နဲ့ရှေ့နေကခုခံချေပမယ်။
တရားသူကြီးကဆုံးဖြတ်မယ်။
သုံးဦးလုံးမဖတ်ဘဲဆုံးဖြတ်လို့ မရဘူး။
No comments:
Post a Comment