Friday, July 24, 2015

ဝရမ်းထုတ်ခြင်း မထုတ်ခြင်း

တရားခံပြေးမှုဖွင့်လှစ်တိုင်း တရားခံကိုဖမ်းဝရမ်းထုတ်ဆင့်ရမှာလား
--------------------
ပြစ်မှုဖြစ်စွပ်စွဲခံရသူသည် အကြောင်းအမျိုးမျိုးကြောင့်ထွက်ပြေး
တိမ်းရှောင်သည်လည်းရှိသည်။
့""အဖမ်းမခံဘဲ ထွက်ပြေးတိမ်းရှောင်သည်ဆိုသော အချက်သည်
တရားခံအပြစ်ရှိကြောင်းမုချဆိုနိုင်သော
အထောက်အထားမဟုတ်၊
၎င်းအချက်ကို ပတ်ဝန်းကျင် အကြောင်းပြချက်များနှင့်စပ်ဟပ်
သုံးသပ်ရမည်။

အခင်းဖြစ်ပွားရာမှ တုံလှုပ်ခြောက်ချားပြီး ပြစ်ဒဏ်ခံရမည်ကို
ကြောက်ရွံ၍ထွက်ပြေးခြင်းဖြစ်နိုင်သည်၊"""ဟု
ရှားရဲ အမှု ၁၉၆၆ မတစ စစ်ဘက် ၁၄ တွင် ထုံးသာဓကပြု ထားသည်။

ထို့ အတူ
မောင်တင်လှိုင်အမှု ၁၉၆၆ မတစ ၆၅၄-၆၆၀။
မောင်ထွန်းစိန်အမှု ၁၉၅၄ မတစ ၁၁ လွှတ်ချုပ် ။တို့ တွင်
့"တရားခံက မိမိအပေါ် လူသတ်မှုဖြင့် မဟုတ်မမှန်စွပ်စွဲ ထားသောကြောင့်
ကြောက်ရွံ ပြီးတိမ်းရှောင်မိကြောင်္ငးထုချေထားရာ
တိမ်းရှောင်နေသည်ဆိုသော
အချက်ကြောင့်
တရားခံသည် လူသတ်သမား ဖြစ်ရမည်ဟု တထစ်ချမယူဆနိုင်"
ဟု ထုံးသာဓကပြု ထားသည်။

ယခု တင်ပြလိုသည်မှာ
တရားခံပြေးမှုဖွင်လှစ်တိုင်း တရားခံကိုဖမ်းဝရမ်းထုတ်ဆင့်ရမည်လား
ဆိုသည့် အချက်ပင်ဖြစ်သည်။

ပြစ်မှုဖြစ်စွပ်စွဲခံရသူသည် အကြောင်းအမျိုးမျိုးကြောင့်ထွက်ပြေး
တိမ်းရှောင်သည်လည်းရှိသည်။

ယင်းသို့ ထွက် ပြေးတိမ်းရှောင် သောအခါ တရားခံ ပြေးမှု ဖွင့်လှစ်ဆောင်ရွက်ရသည်လည်းရှိသည်။

တရားခံပြေးမှု တွင်တရားခံ ထွက်ပြေးတိမ်းရှောင်နေကြောင်း
ပြသရမည့်မင်နီ သက်သေများနှင့် တရားလိုပြသက်သေများ
့(မင်ပြာသက်သေများ)စစ်ဆေးကြရသည်။
တရားလိုပြသက်သေများ
့(မင်ပြာသက်သေများ)စစ်ဆေးကြည့်သောအခါ
ယုတ္တိ ထင်ရှားသော အမှု ပေါ် ပေါက် ခြင်း ရှိ လျှင်
တရားခံ မျက်ကွယ်တွင် ပြစ်ဒဏ် စီရင်ခြင်း ပြု ၍ မရသကဲ့သို့ 
ယုတ္တိ ထင်ရှားသော အမှု ပေါ် ပေါက် ခြင်း မရှိ လျှင်လည်း
တရားခံ ပြေး အား တရားရှင် လွှတ်ရန်မဟုတ်ပေ။

ထိုအခါ မည်သို့ ဆောင်ရွက်ရ မည်နည်း။
ယုတ္တိ ထင်ရှားသော အမှု ပေါ် ပေါက် ခြင်းရှိ လျှင်
ပြစ်မှု ဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၈၇ ၊၈၈ အရ
ဝရမ်းထုတ်ဆင့်ရမည်ဖြစ်ပြီး၊
ယုတ္တိ ထင်ရှားသော အမှု ပေါ် ပေါက် ခြင်း မရှိ လျှင်
ပြစ်မှု ဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၈၇ ၊၈၈ အရ
ဝရမ်းမထုတ်ဆင့်ရ ချေ။

credit//
ဆရာ လူဦးမင်း(ဥပဒေ စကားဝိုင်း)

ထ/ဆ ဆွေးနွေး ကြသူများ

Nay Thant Naing
ယုတ္တိထင်ရှားသောအမှုဟုပေါ်ပေါက်
သော်လည်းသေးငယ်သောအမှုဖြစ်လျှင်
ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ၈၇/၈၈
မထုတ်ဆင့်ပါ။

နန်း ချယ်ရီနေဝင်း
၈၇ ၈၈မထုတ်တော့ ဘာဆက်လုပ်ရမှာလဲဗျ

Thaung Myint
တရားခံရှိတဲ့နေရာကို
ဒိုင်ရှိုလေးစုံစမ်းထားပေါ့

No comments:

Post a Comment