Friday, July 24, 2015

နယ်စည်းမခြား မေတ္တာတရား

ဒီနွားလေးက ကျုံပျော်ဇရစ်ရိုးက
နွားဦးတိုက်ဆရာတော်ရဲ့နွားလေးပါ။
ဆရာတောတရားပွဲသွားတိုင်း
လိုက်ပီး သာသနာပြုတယ်။
တရားပွဲပီးတိုင်းဆရာတော်ကို
ဦးတိုက်လေ့ရှိတယ်။
ဝက်ကလေးကတော့ မကြာသေးခင်ကမှ နွားလေးဦးတိုက်တာမြင်တော့
သူလဲလိုက်ဦးတိုက်တယ်။
ဆရာတော်လဲအဲ့ဒီဝက်ကလေးကို
ပိုင်ရှင်ဆီကအလှူခံလာခဲ့တာ။
တော်တော်ထူးဆန်းပါတယ်။
ဒီနွားနဲ့ဝက်ကလေးကအတူတူနေတယ်။အတူတူစားတယ်။
ထူးခြားတာအများကြီးရှိပါတယ်။
ရေစက်လို့ပြောရမလား။
နွားလေးကသာသနာပြုရင်း
ပြီးခဲ့တဲ့ လေးငါးရက်ကမှ အသက်၂၀မှာသေဆုံးခဲ့တယ်။
ဒီနွားလေးသေတော့ဝက်ကလေးလဲ
တော်တော်ခံစားခဲ့ရတယ်။
နွားလည်ပင်းကြိုးကိုဆွဲပီးနွားကိုနှိုးလိုက်။နွားကိုယ်ပေါ်တက်လိုက်၊မြေပေါ်မှာလှိမ့်လိုက်နဲ့။
မျက်ရည်တောက်တောက်ကျပီးငိုလိုက်၊၊ဆရာတော်ဆီပြေးသွားလိုက်နဲ့။
တော်တော်သနားဖို့ကောင်းပါတယ်။
နွားကိုဂူသွင်းမဲ့ကွန်ကရစ်ပေါ်မှာလှဲပီး
မျက်ရည်ကျလိုက်နဲ့။
သတ္တ၀ါတွေရဲ့ချစ်ခြင်းမေတ္တာကို သူတော်ကောင်းတို့
မြင်တွေ့ရအောင်မျှဝေပေးလိုက်ပါတယ်။
တိရစ္ဆာန် ချစ်သူများအတွက်
share ယူတာမရလို့ပြန်လည်ကူးရေးပီး မျှဝေလိုက်တာပါရှင်။

Shon Let Yi
တိရိစ္ဆာန်ချစ်တတ်သူများ(Group)

No comments:

Post a Comment